Monday, October 29, 2012

ဓတ်ပုံတင်တာ Like လုပ်ခံချင်လို့လား ???

ကောင်မလေး တစ်ယောက်က ကျွန်တော်ကို အဲဒိလို မေးဖူးတယ် ။

Facebook ဆိုတာ connect people လူတွေနဲ့ ဆက်သွယ်ဖို့ အသုံးပြုတဲ့ social utility တစ်ခုပဲ ။

လူတွေ နဲ့ ပြောဆို ဆက်ဆံခြင်း မပြုလိုဘူး ဆိုရင် Facebook မသုံးပါနဲ့ ။

Facebook သုံးတဲ့ အခါမှာ မင်းတို့ခင်တဲ့ သူငယ်ချင်းတွေလဲ ရှိမယ် ။ မင်းတို့ မသိတဲ့ people တွေလဲ ရှိမယ် ။ ဒါပေမယ့် Facebook သုံးတဲ့ users အားလုံးဟာ human being တွေပဲ ။

ဆက်သွယ်ရေး ခောတ်ကြီးထဲမှာ Facebook ကို အသုံးပြုခြင်းဖြင့် သူငယ်ချင်းတွေနဲ့ ဆက်သွယ်တဲ့နေရာမှာ ပိုမို လျှင်မြန်လွယ်ကူလာတယ် ။ faster than ever ပဲ ။

Facebook ရဲ့ wall မှာ Post , Photo, Video တွေ ရှိတယ် ဆိုတာ users တိုင်း သိပါတယ် ။

Post ဆိုတာ write something ။ something ဆိုတော့ ရေးချင်တာ ရေး shock မရှိဘူး ။

Photo နဲ့ ပတ်သက်ပြီး block အလုပ်ခံရဆုံးက Nudity ကိစ္စပဲ ။ အများဆုံး မြင်တွေ့ ရမယ် ဓတ်ပုံတွေကတော့ self-photography တွေပဲ ။

Video အပိုင်းမှာတော့ နိုင်ငံကျော် အဆိုတော်တွေ တင်ထားတဲ့ ဗီဒီယိုတွေ များပါတယ် ။ facebook ရဲ့ အောင်မြင်မှုကြောင့် ကမ္ဘကျော် မင်းသား၊ မင်းသမီးတွေ ၊ သမ္မတွေ လည်း facebook အသုံးပြုတဲ့ user တွေ ဖြစ်ကုန်ကြတယ် ။

အဲဒိတော့ စဉ်းစားကြည့်ပါ ။ သာမန် သူငယ်ချင်းတွေ နဲ့ ဆက်သွယ်နိုင်ရုံသာမက အဆိုတော်တွေ မင်းသားတွေ နဲ့လည်း အလွယ်တကူ communicate လုပ်နိုင်သွားတာပေါ့ ။

facebook ရဲ့ home မှာ ဆိုရင်လည်း Update status နဲ့ Photo/video ရှိသေးတယ် ။

Status အောက်က box မှာ What's on your mind ? ဒီတော့ စိတ်ထဲ ရှိတာ ချရေးကြပေါ့ ။


Like Button နဲ့ Share Button ဟာ Facebook မှာ လူသုံး အများဆုံးပဲ ။ Like Comment Share တို့ကို အလွယ်တကူ မြင်တွေ့နိုင်ပါတယ် ။

Like  ဆိုတော့ ကြိုက်ရင် like ပေါ့ ၊ Dislike button တော့ မရှိဘူး ။

သူငယ်ချင်း ဆိုတဲ့ အဓိပ္ပာယ် တစ်ခုက တစ်ယောက် သိတာ တစ်ယောက်ကို ပြောပြ ၊ အချင်းချင်း မျဝေခံစား တတ်ကြတယ် မဟုတ်လား ။

Share Button ဟာလည်း ထို့အတူပါပဲ ။

Share အများဆုံး လုပ်တဲ့ သူတွေကတော့ Advertising Company တွေပါပဲ ။

သူတို့က Facebook ကို သာမန်လူတွေလို အသုံးပြုကြတာ မဟုတ်ပါဘူး ။ အသုံးချတာပါ ။

သူတို့ရဲ့ Ads, Brand တွေကို လူတွေ awareness ဖြစ်ဖို့ Facebook ကို အသုံးချတယ် ။

Company တွေ ၊ Developer တွေ ၊ Home-Base users တွေကလည်း Facebook ကို အသုံးပြုပြီးတော့ money ကို ရှာဖွေတယ် ။

အဓိက လမ်းမကြီးကတော့ Fan Page ပေါ့ ။

ယခုနောက်ပိုင်း မီဒီယာလုပ်ငန်းစုများ၊ စီးပွားရေး လုပ်ငန်းရှင်များဟာ Facebook ကိုတော်တော် အလေးထားလာပါပြီ။ Facebook ကိုအခြေခံပြီး အောင်မြင်နေတဲ့ သူတွေ၊ fan page တွေကို စောင့်ကြည့်နေ ပါတယ်။ မအောင်မြင်သေးတဲ့ မိမိစီးပွားရေးလုပ်ငန်း၊ မီဒီယာများ ကို အောင်မြင်လာအောင် ဖန်တီးပေးမယ် သူ လိုအပ်နေပါ တယ်။ အောင်မြင်ပြီးသားများကလည်း အင်အားပိုမိုတောင့်တင်းလာအောင် တကယ် အရည်အချင်းရှိတဲ့ Facebook ပေါ်က မြန်မာပြည်သားများကို ရှာဖွေနေကြပါတယ်။ Facebook ဟာ တကယ်ပဲ အားကိုးရတဲ့ Advertising နည်းလမ်းတစ်ခုပဲ ဆိုတာ သိလာကြပါပြီ။ ပရိုမိုးရှင်းတွေကို Facebook မှာပြုလုပ်နေကြပါပြီ။

အသေးစိတ်ကို Techspace Journal မှာ ဖတ်ကြည့်ပါ ။
http://goo.gl/7a5jF

သူများ နိုင်ငံက ကုန်ပစ္စည်းကြော်ငြာတွေမှာ Facebook Page လိပ်စာတွေ ထည့်နေကြတာ ကြာပါပြီ ။

မြန်မာပြည်မှာတော့ လမ်းဘေး Billboard တွေကို သိန်း သုံးလေးဆယ် အကုန်အကျခံပြီး အပြိုင်အဆိုင် ကြေညာနေကြတယ် ။

Facebook ရဲ့ Advertise Your Page ကို အသုံးပြုရင် One Billion Users တွေ မြင်တွေ့နိုင်မယ် ။

အဲဒိအတွက် ဒေါ်လာ 100 လောက် ဖြုန်းလိုက်ရုံပဲ ။

ကဲ ဘယ်လောက် သက်သာသလဲ ။

No comments:

Post a Comment