Thursday, July 19, 2012

Daily

(1.8.2012)
လကုန်ပြီ မီတာခ ၁၅၅၀ ပေးလိုက်တယ် ။ နေ့တိုင်း ညဘက်ဆို ဂိမ်းကစားတယ် ။ မနက်ဘက် အင်္ဂလိပ်စာ လုပ်ဖြစ်တယ် ။ YouTube က video တွေ download လုပ်ပြီး ကြည့်တယ် ။

စာရေးဖို့ အချိန်အားပါတယ် ။ ဒါပေမယ့် မရေးဖြစ်သေးဘူး ။ စာဖတ်တာ ဗီဒီယို ကြည့်တာများနေတယ် ။


(25.7.2012)
လွန်ခဲ့တဲ့ ရက်တွေက Google Adsense လုပ်ဖို့ ကြိုးစားကြည့်တယ် ။ အဆင်မပြေဘူး ။ အကြောင်းကတော့ မြန်မာလို ရေးထားတဲ့ blog တွေကို support မလုပ်လို့ ဖြစ်ပါတယ် ။

မနေ့ကလည်း မီးတနေကုန် ပျက်တယ် ။  စက်အစားထိုး တပ်ဆင်ဖို့ ရှိတယ် လို့ ပြောတယ် ။ ဒါနဲ့ အချိန်ရှိတုန်း ဆံပင်ညှက်တယ် ၊ ဆေးဆိုးတယ် ။

အခု ရက်ပိုင်းမှာ နိုင်ငံခြားက အလည်လာတဲ့ ဧည့်သည်တွေကို တွေ့ရတယ် ။ ဘယ်သူလဲ ဆိုတာ မသိရဘူး ။ စာလည်း မရေးသွားဘူး ။ ဘယ်နိုင်ငံလဲ ဆိုတာတော့ သိတယ် ။


(20.7.2012)
ဆိုင်ခန်းခ ဘတ် ၆၅၀၀ ပေးလိုက်တယ် ၊ မြန်မာငွေနဲ့ တွက်ရင် တစ်သိန်း ခုနှစ်သောင်းလောက် ရှိတယ် ။ လမ်းမပေါ်မှာ ဈေးကြီးလို့ ဈေးသက်သာတဲ့ နေရာကို ပြောင်းဖို့ ရှိတယ် ။ မနေ့က ဆိုင်ခန်းလိုက်ကြည့်တယ် တစ်လကို ၃၅၀၀ လောက်ပဲ ပေးရတယ် ။  ဒါပေမယ့် အခန်းလွတ်တွေ အကုန်လုံးပြည့်နေတယ် ။ တစ်လလောက် စောင့်ရဦးမယ် ။ ပြီးရင် ပြောင်းမယ် ။ 


ဘောလုံးခုန်နှစ်ခုန်ကို ပိုင်ရှင်ထံ ပြန်အပ်လိုက်တယ် ။ ပြည်သူ့စစ်ဆိုတဲ့ ကောင်တွေက ရန်ပုံငွေတောင်းတာ မပေးလို့ ညစ်ချင်နေတယ်လေ ။ 


ကွန်ပျူတာ နှစ်လုံးရောင်းဖို့ ရှိတာ အခုထိ ရောင်းမထွက်သေးဘူး ။ 



(19.7.2012)
ဒီနေ့ဟာ အာဇာနည်နေ့ ဖြစ်ပါတယ် ။ ကျောင်းပိတ်ရက်မို့လို့ ဆိုင်မှာ လူစည်ပါတယ် ။ အရေးထဲ laptop တစ်လုံးက blue screen ပေါ်လို့ system restore ပြန်လုပ်ပေးရတယ် ၊ software တွေ ပြန်ထည့်ပေးနေရတာနဲ့ မနက်ပိုင်း အင်တာနက်တောင် ကောင်းကောင်း
မသုံးဖြစ်ဘူး ။ အဲဒါပြီးသွားတော့ facebook ၀င်ဖြစ်တယ် ။ အာဇာနည်နေ့ ဆိုတော့ အားလုံးက ဗိုလ်ချုပ်ပုံတွေ ဗိုလ်ချုပ် အကြောင်းတွေ ပြောကြ ရေးကြ ရှယ်ကြပေါ့ဗျာ ။ နေ့လည်ပိုင်း အားတာနဲ့ စာဖတ်မလားလို့ ၊ အခုမှပဲ blog ၀င်ဖြစ်တယ် ။ 


(18.7.2012)
မနေ့က ထူးထူးခြားခြား သိပ်မလုပ်ဖြစ်ဘူး ။ Connection လည်း ကျနေတယ် ။ ဒီနေ့တော့ posts နှစ်ခုလောက် တင်ဖြစ်တယ် ။ ရွှေအမြုတေမှာ ဖတ်စရာတွေ အများကြီး ရှိသေးတယ် ဆိုတာကို တွေ့မိတယ် ။ အဲဒိ ၀တ္ထုတွေထဲက ကြိုက်တာလေးတွေကို ဒီမှာ ပြန်တင်ပေးမယ် ။ 




(16.7.2012)
မြန်မာပြည်ရဲ့ သမ္မပုံကို မူဆလင်တွေက မီးရှို့နေတဲ့ပုံတွေ ၊ နိုင်ငံခြားသံရုံးတွေမှာ မူဆလင်တွေက မဟုတ်မမှန်တဲ့ သတင်းဓတ်ပုံတွေကို အသုံးပြုပြီး ဆန္ဒပြနေကြတဲ့ ပုံတွေ facebook မှာတွေ့တယ် ။ အဲဒါတွေကို တုံ့ပြန်ချင်လို့ comment ရေးပြီး ဆဲလိုက်တယ် ။


(15.7.2012)
ဒီနေ့ တာချီလိတ်မှာ မနက် ၉ နာရီလောက်ကနေ ၂ နာရီထိ မီးပျက်တယ် ။ ငုတ်တုတ်မေ့တဲ့နေ့ပေါ့လေ ။ မနက်ပိုင်း ဘာမှကို မလုပ်ဖြစ်ဘူး ။




(14.7.2012)
youtube က ဗီဒီယိုတွေကို blog မှာ ရှယ် လုပ်ဖြစ်ပါတယ် ။ music video တွေပဲ ရှယ်ယာ လုပ်မလားလို့ ။


(13.7.2012)


ဒီနေ့  photography အောက်မှာ ဓတ်ပုံတွေ တင်ဖြစ်တယ် ။ မတင်ရသေးတဲ့ ပုံတွေ အများကြီး ကျန်သေးတယ် ။  ဓတ်ပုံ မတင်ထားသော blog ဟာ မလှပဘူးလို့ မြင်တယ် ။


(12.7.2012)


ဒီ blog မှာ answers.com က double click anywhere ထည့်ထားပါတယ် ၊ မသိတဲ့ စကားလုံးတွေ ရှိရင် double click နိပ့်လိုက်ပါ ၊ answers.com က ဘာသာပြန်ထားတဲ့ dictionary box လေး ပေါ်လာပါလိမ့်မယ် ။


Chatting လေး တစ်ခုလည်း ထည့်ထားတယ် ။ free chat လုပ်လို့ ရပါတယ် ။ ဒါပေမယ့် English လိုပဲ ရေးလို့ ရတယ် ။


(11.7.2012)


facebook's note မှာ စာရေးရတာ အဆင်မပြေသလိုပဲ ။ fb က ဓတ်ပုံလေးတွေတင် ၊ comment လေးတွေရေး ၊ share with friend လုပ်ရတာတော့ ကောင်းတယ် ။


အဲဒါနဲ့ blog တစ်ခုလုပ်မယ်လို့ စိတ်ကူးမိတယ် ။ အရင်က လုပ်ခဲ့ဖူးတဲ့ blog တွေလည်း ရှိတယ် ။ တချို့ကို ဖြတ်လိုက်ပြီ တချို့တော့ ကျန်ဦးမယ် ။ wordpress လည်း တစ်ခုရှိတယ် ။


အခု ဒီ blog ကို လုပ်ရခြင်းက အင်တာနက် သုံးတဲ့အခါမှာ ကိုယ်ကြိုက်တဲ့ websites ကောင်းလေးတွေ တွေ့ရင် bookmark လုပ်ထားတတ်ပါတယ် ။


အဲဒါက one computer, one browser ထဲမှာပဲ ရှိတာပါ ။ bookmark sharing တို့မှာ ရှယ်ရင်လည်း ရပါတယ် ။


အဲဒိ bookmark တွေက brower uninstall လုပ်ရင်ဖြစ်စေ ၊ delete လုပ်ရင်ဖြစ်စေ ပြတ်သွားမှာပါ ။ window reinstall လုပ်ရင်လည်း ပြတ်ပြီပဲ ။


နောက်တစ်ခုက google မှာ ကိုယ်သိချင်တာတွေ ရှာဖွေတယ် ဆိုပေမယ့် ခဏခဏ ရှာနေရင် အချိန်ကုန်တယ် ။ အရင်ကလည်း ရှာခဲ့ဖူးတယ် အခု အဲဒိ အကြောင်းအရာကိုပဲ ပြန်ရှာတယ် ... တွေ့တယ် ၊ မတွေ့တော့ဘူး ဖြစ်တတ်တယ် ။


အဲဒိတော့ ကိုယ်သိပြီးသား ကိုယ်ရှာဖွေပြီးသား အကြောင်းအရာတွေကို မှတ်ထားဖို့တော့ လိုပြီ ။


အဲဒိ နှစ်ချက်ကြောင့် ဒီ blog လေးလုပ်ပြီး Share n Share လို့ နာမည်ပေးလိုက်တယ် ။


ဒီ blog မှာ website link တွေ ရှိမယ် ၊ ဖတ်ခဲ့ဖူးတဲ့ စာတွေကိုလည်း ရှယ်ထားတယ် ၊ ကိုယ်တိုင်ရေးစာတွေလည်း ပါမယ် ။


diary ပုံစံမျိုး ရေးချင်လို့ Daily လို့ အမည်ပေးထားပြီး နေ့စဉ် update တွေကို ဒီမှာ ရေးမယ် ။


Candy Khine ဆိုတဲက blog သူငယ်ချင်းတစ်ယောက်က အကြံပေးတယ် ... Gadget လေးတွေ ထည့်ဖို့လိုသေးတယ်လေ တဲ့^^


အဲဒါနဲ့ ကျွန်တော်လည်း Welcome Box, Digital Clock, Translate , Video Bar, Daily Calendar, Search this blog, Popular Posts, Total Pageviews, Share it နဲ့ Live Traffic Feed တို့ကို ထည့်ထားပါတယ် ။

No comments:

Post a Comment