Monday, October 29, 2012

တရား ဥပဒေ စိုးမိုးရေး

ဇတ်လမ်းလေး တစ်ပုဒ်ပြောပြမယ် ။

ဒီမိုဂရေစီ နိုင်ငံတစ်ခုမှာပေါ့ ။

တစ်နေ့သောအခါ သမ္မတ ဦးသိန်းစိန် နဲ့ ရေခဲရေ ရောင်းသော ကိုရေအေး တို့ တွေ့ကြတယ်ပေါ့ ။

ကိုရေအေးက ဦးသိန်းစိန် ကြီးကိုတွေ့တော့ ငါတို့ သမ္မတကြီးပဲ ဆိုပြီး "သမ္မာကြီး နေကောင်းတယ်နော် " ဆိုပြီး ၀မ်းမြောက် ၀မ်းသာ နှုတ်ဆက်ပါတယ် ။

ထိုအချိန်တွင် သမ္မတကြီးက " မင်းလို ကောင်ကများ ငါ့ကို နှုတ်ဆက်ရတယ်လို့ ငါ နေကောင်းကောင်း မကောင်းကောင်း မင်း ဆောက်လုပ် မဟုတ်ဘူး " အဲဒိလို ပြောခွင့် မရှိဘူး ။

သမ္မတ ဆိုတာ အလုပ် အမည် တစ်ခု ဖြစ်တယ် ။ ရေခဲရေ ရောင်းတယ် ဆိုတာ အလုပ် အမည် ဖြစ်တယ် ။

ဦးသိန်းစိန်ဆိုတာ လူ တစ်ယောက်သာ ဖြစ်တယ် ။ ကိုရေအေးလည်း လူပါပဲ ။

သမ္မတကြီး ရဲ့ ရိုင်းပြမှုကို မကျေနပ်တဲ့ ကိုရေအေးက တရားရုံးသို့ သွားပြီး အမှုဖွင့်ပါတယ် ။

တရားသူကြီးလည်း ထိတ်လန့်သွားပါတယ် ။

ရေခဲရေ ရောင်းတဲ့ ကောင်က သမ္မတကြီးကို အမှုဖွင့်မယ်တဲ့ ။

ဒီမိုဂရေစီ နိုင်ငံမှာ သူတောင်းစားလည်း သူ့ကို စော်ကားတဲ့သူကို အမှုဖွင့် ပိုင်ခွင့် ရှိပါတယ် ။

အဲဒိတော့ တရားသူကြီးလည်း သမ္မတကြီး ခင်ဗျား ရေခဲရေ ရောင်းတဲ့ ကိုရေအေးက သမ္မတကြီးကို အမှုဖွင့်ထားတဲ့ အတွက်ကြောင့် ရုံးတော်သို့ကြွရောက်ဖို့ ဆင့်ခေါ်ရတာပေါ့လေ ။

သမ္မတကြီးက "အေး ငါအခု မအားသေးဘူး ၊ ငါအားမှ လာခဲ့မယ် " အဲဒိလို ပြောပိုင်ခွင့် မရှိပါဘူး ။

ဒီမိုဂရေစီ နိင်ငံမှာ တရားရုံးက တနင်္လာနေ့ မနက် ကိုးနာရီ ရုံးချိန်းရှိတယ် ဆိုရင် အဲဒိနေ့ မနက် ကိုးနာရီ အရောက် လာရပါမယ် ။

တရားရုံးက ကိုရေအေး၏ အမှုကို ကြားနာပြီး ဥပဒေက ပြဠာန်းထားတဲ့ အတိုင်း ဆိုပါတော့ သမ္မတကြီးကို ဒဏ်ငွေရိုက်လိုက်တယ်ပေါ့ ။

ဒီနေရမှာ တရားလိုက သူ၏ နှစ်နာမှု အတွက် ငွေကြေး ဘယ်လောက် လိုချင်တယ် ဆိုပြီး တောင်းဆို ပိုင်ခွင့် ရှိပါတယ် ။

သို့သော် တရားရုံးကသာ ဘယ်သူ ဘယ်လောက် ရသင့်သလဲဆိုတာ ဆုံးဖြတ်ချက်ချပါတယ် ။

ကိုရေအေးလည်း လျှော်ကြေးအနေဖြင့် ငွေကြေးအား လက်ခံရရှိလို့ အမှုကို ကျေအေးလိုက်ပါတယ် ။

သမ္မတကြီးက ထိုလျှော်ကြေးငွေကို ပြည်သူ့ ဘဏ်နာငွေထဲက ထုတ်ပြီး ပေးလိုက်လို့ စာရေးစစ်မလေးအား ခိုင်းပါတယ် ။

သမ္မတကြီးနဲ့ တစ်ရုံးထဲ အလုပ်လုပ်နေတဲ့ စာရေးမလေးက ထိုငွေတွေဟာ သမ္မတကြီး ပိုင်ဆိုင်သော ငွေကြေး မဟုတ်သည့် အတွက် ထုတ်ပေးလို့ မရပါဘူးလို့ ပြောခဲ့ပါတယ် ။

နောက်ဆုံးမှာ သမ္မတကြီးက သူ၏ လစာငွေ ထဲမှ ထုတ်ပြီး လျှော်ကြေးပေးလိုက်ရပါတယ် ။



ဇတ်လမ်းလေးက ဒီမှာ ပြီးဆုံးပါတယ် ။        ။



စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်းမှာ တရားဥပဒေဆိုတာ စာအုပ်ထဲမှာပဲ ရှိခဲ့တယ် ။

တရား ဥပဒေ ရဲ့ အထက်မှာ အာဏာရှင် ရှိနေတယ် ။

ဒီမိုဂရေစီ နိုင်ငံ ဖြစ်လာရင် သမ္မတရှိတယ် ၊ လွှတ်တော်ရှိတယ် ၊ စစ်တပ်ရှိတယ် ။

သမ္မတဆိုတာ ခေါင်းဆောင် ဖြစ်သွားတယ် ။

လုပ်ပိုင်ခွင့်ကို လွှတ်တော်က တာဝန်ရှိတဲ့ လူကြီးမင်းတွေ ဆွေးနွေးပြီး ဆုံးဖြတ်ချက်ချတယ် ။

အာဏာဟာ ရဲဘော်တွေ လက်ထဲ ရောက်သွားတယ် ။

အဲဒိတော့ တိုင်းပြည်ကို တရားဥပဒေ စိုးမိုးမယ် ။

ဒါပေမယ့် အဲဒိ ဥပဒေ ဆိုတာ လူတွေက ရေးလို့ အချိန်အခါ မရွေး အမှားအယွင်း ရှိနိုင်တယ် ။

ကွန်ပျူတာ စကားနဲ့ ပြောမယ်ဆိုရင် version အသစ်တွေလည်း ထွက်လာ လိမ့်မယ် ။

သမ္မတ ဆိုတာလည်း လူပဲလေ ... လူဆိုတာ အမှားမကင်းကြဘူး မဟုတ်လား ။




ကျွန်တော် ရေးတဲ့ ဒီစာထဲမှာလည်း အမှားတွေ ရှိနိုင်ပါတယ် ။


စာဖတ်သူအားလုံးကို ကျေးဇူးတင်တယ်
writer by : nitikiti

No comments:

Post a Comment