Wednesday, July 11, 2012

Love

ချစ်သူ 


ကျွန်မဘ၀မှာ သူငယ်ချင်းဆိုတာ အလွန်မှ အရေးပါသလို အခုချိန်ထိလည်း ကျွန်မ ဆုံစည်းခင်မင်ရသူတွေ အားလုံးဟာ ကျွန်မအပေါ် ဖြူစင်ရိုးသားပြီး ခင်မင်ဖွယ်ကောင်းသူတွေချည်းဖြစ်နေတာကတော့ ကျွန်မရဲ့ ကံကောင်းခြင်း လက်ဆောင်လို့ ပြောရင်မှားမယ်မထင်ပါဘူး။နိုင်ငံရပ်ခြားမှာ နေထိုင်နေရတဲ့ ကျွန်မအနေနဲ့ အလုပ်ချိန်ပြီးလို့ အိမ်ကိုတမ်းတရင် အင်တာနက်သုံးရတာဟာ ဘ၀ရဲ့အစိတ်အပိုင်းတခုဖြစ်လို့နေပါတယ်။ ဒီလိုအနေအထားမှာ အွန်လိုင်းမိတ်ဆွေတွေဟာ ငယ်ပေါင်းကြီးဖော်တွေလို အချိန်တိုတိုအတွင်း ရင်းနှီးနွေးထွေးမှုရစေတာ အံ့သြစရာတော့မဟုတ်ပါဘူး။ ကျွန်မမှာလည်း အွန်လိုင်းကနေ ခင်မင်သိကျွမ်းခွင့်ရသူတွေ အနည်းအကျဉ်းရှိပါတယ်။ အနည်းအကျဉ်းဆိုတာမှ တစ်ယောက် နှစ်ယောက် သုံးယောက်လို့ လက်ချိုးရေလို့ရပါတယ်။


အွန်လိုင်းဆိုတဲ့အတိုင်း တံခါးမရှိ ဓားမရှိ ကိုယ့်သတင်း အချက်အလက်ပေါင်းများစွာကို တိတ်တဆိတ်ခိုးယူသုံးစွဲပြီး အကျိုးယုတ်စေမယ့် နည်းလမ်းများစွာနဲ့ ဒုက္ခလှလှပေးနိုင်တဲ့သူလား တကယ့်တကယ်ခင်မင်သင့်တဲ့ မိတ်ဆွေလားဆိုတာ ခွဲခြားနိုင်စွမ်းရှိဖို့ ခဲယဉ်းလှပါတယ်။ ဒီလိုအနေအထားမှာ ကိုယ်နဲ့တကြိမ်တခါမှ မမြင်မဆုံဖူးဘဲ လိုင်းပေါ်သိ လိုင်းပေါ်ပြော လိုင်းပေါ်ခင်ဖို့ဆိုတာ အလွန်မှ ခက်ခဲလှပါတယ်။ ဒါပေမယ့် ခေတ်အလိုအရကော ကိုယ့်အနေအထားအရပါ ဝေးမြေမှာ ဗမာစာ ဗမာစကားနဲ့ ခင်မင်ခွင့်ရသူတွေကိုတော့ ငံ့လင့်မိတာအမှန်ပါပဲ။ ခေတ်လူငယ်ပီပီ အွန်လိုင်းမှာတွေ့သမျှ မိတ်ဆက်သမျှ သူတိုင်းကိုတော့ ပေါက်ကရလေးဆယ် ပျော်ရွှင်ဖွယ်ရယ်ပွဲဖွဲ့ရင်း မိတ်ဆက်တတ်ကြတဲ့ ခေတ်အကြောင်း သိထားလို့ပါပဲ။


နောက်ပြီး အွန်လိုင်းပေါ်မှာက အစစ်အမှန်ဆိုတာ အရှားသားလေ။ ယောက်ျားရှိလျက်နဲ့ အပျိုလို့ပြောလိုပြော၊ အသက်လေးငါးခြောက်ဆယ်အရွယ်က တက္ကသိုလ်တက်ဖို့စောင့်နေတာပါလို့ မိတ်ဆက်လိုမိတ်ဆက်တဲ့ အနေအထားမှာ အွန်လိုင်းက ဘယ်သူ့ကိုမဆို ယဉ်ကျေးပျူငှာနေဖို့ဆိုတာ လွယ်လှတဲ့ကိစ္စမဟုတ်ပါဘူး။ ဒါကြောင့်မို့ ကျွန်မမှာ အွန်လိုင်းပေါ်က ခင်မင်ရတဲ့ မိတ်ဆွေတွေ အလွန်မှနည်းပါးပါတယ်။


ကျွန်မ အွန်လိုင်းပေါ်ကနေ ပထမဆုံး ခင်မင်ရင်းနှီးခဲ့သူက ကျွန်မရဲ့ခင်ပွန်းဖြစ်လာမယ့် ချစ်သူကိုပါ။ ကျွန်မဟာ သူနဲ့ပတ်သက်တဲ့ အချက်အလက်အတိအကျကို ကျွန်မလက်လှမ်းမီရာ မိတ်ဆွေအပေါင်းအသင်းတွေကနေ တဆင့် စုံစမ်းရယူခဲ့ပြီး သေချာစိစစ်ပြီးမှ သူ့ကို ယုံကြည်စိတ်ချရတဲ့မိတ်ဆွေအဖြစ် လက်ခံခင်မင်ခဲ့တာပါ။ ဒီလိုလုပ်ရတာလည်း ကျွန်မအနေနဲ့ မိန်းကလေးတစ်ယောက်ဖြစ်တဲ့အပြင် သိက္ခာတရားကို တန်ဖိုးထားသူမို့ပါ။ နောက်ပြီး သူနဲ့ကျွန်မဆုံတွေ့ချိန်မှာ ကျွန်မရော သူပါ မြန်မာပြည်ရဲ့တနေရာစီမှာမို့ တယောက်အကြောင်းတယောက် စုံစမ်းရတာ ပိုပြီးမြန်ဆန်လွယ်ကူခဲ့တယ်လေ။ သူနဲ့ကျွန်မဟာ အွန်လိုင်းမိတ်ဆွေအဖြစ်ကနေ တယောက်နဲ့တယောက်ခင်မင်ရင်း ဖုန်းနံပါတ်တောင်း ဖုန်းနဲ့ သူ့အကြောင်းကိုယ့်ပြော ကိုယ့်အကြောင်းသူ့ပြောနဲ့ ရင်းနှီးလာရာကနေ နောက်တော့ သူကိုယ်တိုင် အပြင်မှာ ကျွန်မကို လာရောက်တွေ့ဆုံစကားပြောကြရင်းနဲ့မှ ရည်ငံသွားပြီး လက်တွဲမိတဲ့အထိ ဖြစ်သွားတာမို့ အွန်လိုင်းနဖူးစာဆိုရင်ပိုမှန်ပါမယ်။


ခင်သူ 

ဒီလိုနဲ့ တစုံတရာသောအကြောင်းကြောင့် ကျွန်မနဲ့ဝေးရာကို တိတ်တဆိတ်ထွက်သွားတဲ့ ကျွန်မချစ်သူရဲ့ မွေးနေ့မှာ လက်ဆောင်အဖြစ်နဲ့ သီချင်းလေးတစ်ပုဒ်ကို အွန်လိုင်းကတဆင့် သတင်းဌာန တစ်ခုရဲ့ ဝေဟင်ယံက သီချင်းသံ ဆိုတဲ့ ရေဒီယိုအစီအစဉ်လေးကနေ ဆက်သွယ်တောင်း ဆိုပေးဖို့ရာ စိတ်ကူးလေးရမိတဲ့အခါ အဲဒီသီချင်းတောင်းကဏ္ဍကို အီးမေးလ်နဲ့ဆက်သွယ်ပြီး သီချင်းတောင်းခဲ့ပါတယ်။ အဲဒီတုန်းက ကျွန်မဟာ မြန်မာပြည်ထဲက ကျွန်မတာဝန်ထမ်းဆောင်နေတဲ့ အလုပ်ဌာနတခုမှာပါ။ သိပ်မကြာ ခင်မှာ အဲဒီအစီစဉ်ကိုတာဝန်ယူထားသူက ကျွန်မဆီ ဖုန်းဆက်သွယ်လာပါတယ်။ အလုပ်ချိန်တွင်းဖုန်းလာတော့ ဖုန်းကိုထူးလိုက်မိတဲ့အချိန်မှာ သာယာချိုလွင်တဲ့ အသံကြည်ကြည်ချိုချိုလေးကို အမှတ်မထင်ကြားလိုက် ရပါတယ်။ 


သူမပြောသံတွေက တည်ငြိမ်ရင့်ကျက်တဲ့အသွင်ဆောင် နေပေမယ့် ခင်မင်နှစ်လိုမှု အပြည့်ပါဝင်နေတာကို သတိထားလိုက်မိပါတယ်။ သူမက ကျွန်မသီချင်းတောင်းတဲ့အပေါ် ဘာကြောင့်တောင်းဆိုတာပါဆိုတာလေးကို အသံသွင်းရယူပြီး ထုတ်လွှင့်ပေးချင်လို့ပါဆိုတဲ့ အကြောင်း ပြောကြားလာတော့ ကျွန်မတို့အဆင်ပြေမယ့် အချိန်လေးကို ညှိပြီး ဖုန်းချသွားပါတယ်။ အဲဒီတခဏ အတွင်းမှာ သူမကို ကျွန်မ ခင်မင်မိသွားပါပြီ။ သူမရဲ့ အသံချိုချိုလေးဟာ တဖက်သားကို ရင်းနှီးစဖွယ် ဖမ်းစားနိုင်ပါတယ်။ 

ကျွန်မတို့ သီချင်းတောင်းအစီအစဉ်အတွက် ဆက်သွယ်မိကြရင်း သူမနဲ့ကျွန်မ တယောက်အကြောင်း တယောက်အပြန်အလှန်မိတ်ဆက်ရင်း ခင်မင်သွားကြပါတယ်။ သူမဟာ ကျွန်မကို ညီမသဖွယ်ခင်မင်ကြောင်း ကျွန်မရင်ထဲက သိနေနှင့်ပါတယ်။ ကျွန်မကိုယ်တိုင်လည်း ချစ်သူကို လွမ်းစိတ်နဲ့ ခံစားနေရတာကတကြောင်း သူမဟာ ကျွန်မချစ်သူနဲ့ လက်လှမ်းမီရာ ဒေသကို ရောက်နေတယ်ဆိုတာကို သိရတာကတကြောင်း ချစ်သူနဲ့ကျွန်မ အွန်လိုင်းကနေ အဆက်သွယ်ပြတ်နေတာ တစ်ပတ်ကျော်ပြီမို့ ဆောက်တည်ရာ မရဖြစ်နေတာ တကြောင်းတို့နဲ့ ကျွန်မဟာ အရဲစွန့်ပြီး သူမကို အကူအညီတောင်းမိခဲ့ပါတယ်။ ဒါကတော့ ကျွန်မချစ်သူဆီ ဖုန်းဆက်ပြီး စကားတစ်ခွန်းလောက်ပြောပေးဖို့ အကူအညီတောင်းမိတာပါ။ စကားလေးကတော့ ကျွန်မဆီ အီးမေးလ်ဆက်သွယ်ဖို့ပါပဲ။ 



သူမဟာ တခဏလေးအတွင်းမှာပဲ ကျွန်မချစ်သူဆီကို ဖုန်းဆက်ပေးခဲ့ပါတယ်။ ကျွန်မလိုချင်တဲ့ ချစ်သူနဲ့ပတ်သက်တဲ့ သတင်းစကားလည်း သူမဆီကတဆင့် သိရှိခွင့်ရခဲ့ပါ တယ်။ ကျေးဇူးတင်မိတာတော့ အတိုင်းမသိပါပဲ။ သူမက ကျွန်မကို နားလည်ပေးသလို ကျွန်မကိုလည်း အ ချိန်ပေးကူညီခဲ့တာမို့ သူမကို တနေ့တချိန်မှာ မျက်နှာချင်းဆိုင်တွေ့ဆုံပြီး ကျွန်မလက်ရာ ထမင်းဝိုင်းလေးနဲ့ တည်ခင်းဖို့ ကိုလည်း အဲဒီအချိန်ကတည်းက ကျွန်မစိတ်ကူးထားခဲ့တာပါ။
 အချိန်တွေတဖြည်းဖြည်းကုန်လွန်ခဲ့တဲ့နောက် ကျွန်မကိုယ်တိုင်လည်း ချစ်သူနဲ့လက်တွဲဖြစ် သွားပြီး နှစ်နှစ်ကျော် အကြာမှာ သူမနဲ့ကျွန်မတို့ ဆုံစည်းဖြစ်ခဲ့ပါတယ်။ သူမရောက်လာတော့ သင်္ကြန်ကာလနဲ့ ကြုံကြိုက်ပါတယ်။ သူမကလည်း အလုပ်တဖက်နဲ့မို့ ကျွန်မတို့ သူမ မပြန်ခင်တရက် ဆုံတွေ့ခွင့်ရခဲ့ပါတယ်။ သူမဟာ ကျွန်မကို တရင်းတနှီးဖက်လှဲတကင်း နှုတ်ဆက်တဲ့အပြင် ကျွန်မတည်ခင်းတဲ့ ညနေစာကိုလည်း အားရပါးရသုံးဆောင် သွားခဲ့သလို ကျွန်မကိုလည်း ညီမလေးသဖွယ် ဆက်ဆံခဲ့ပါတယ်။ သူမနဲ့ကျွန်မ အပြန်အလှန် လက်ဆောင် ဖလှယ်ရင်း ကျွန်မတို့ရဲ့ တခဏတာ ဆုံစည်းမှုလေးဟာ ပျော်ရွှင်ကြည်နူးဖွယ် ကုန်ဆုံးခဲ့ရပါတယ်။ ကျွန်မလက်ရာ မရမ်းပြားထောင်းလေးကိုလည်း သူမအပြန်မှာ လက်ဆောင်အဖြစ်ထည့်ပေးနိုင်ခဲ့တာကို ကျွန်မ၀မ်းသာနေခဲ့ရတာပါ။

ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မကို ခံစားနားလည်ပေးခဲ့တဲ့အပြင် အဝေးရောက်ချစ်သူဆီက သတင်းစကားကို ကူညီရယူပေးခဲ့တဲ့ သူမရဲ့ စိတ်ထားလေးဟာ ကျွန်မအတွက် တန်ဖိုးထိုက်တဲ့ ချိုမြိန်မှုတခုပါပဲ။ ဒါဟာ အွန်လိုင်းပေါ်ကနေ ကျွန်မရရှိပိုင်ဆိုင်ခွင့်ရခဲ့တဲ့ မြတ်နိုးဖွယ်ရာ အသံချိုချိုလေးပါ။ ဒီလို မြတ်နိုးဖွယ်ကောင်းတဲ့ သူမအတွက် ကျွန်မကိုယ်တိုင်စီမံချက်ပြုတ်ထားတဲ့ စားသောက်ဖွယ်ရာတွေနဲ့ တည်ခင်းခွင့်ရတာကို ကြည်နူးမိပါတယ်။


အခုချိန်ထိ သူမဟာ ကျွန်မနဲ့ ခင်မင်ဆဲ ချစ်ခင်ရသော အစ်မအရင်းသဖွယ်ပါပဲ။ အခုဆိုရင် သူမနဲ့ သိကျွမ်းခဲ့တာ သုံးနှစ်ပြည့်ပြီဖြစ်ပါတယ်။ ဒီနေ့အထိ သူမရဲ့ ချိုကြည်တဲ့အသံ နှစ်လိုဖွယ်အပြုံးတွေနဲ့ သွက်လက်တဲ့ဟန်ကတော့ ချစ်ဖွယ်ကောင်းစွာ တီဗွီဖန်သားပြင်ပေါ်ကတဆင့် လေလှိုင်းကတဆင့် ပရိသတ်တွေဆီ ၀ဲပျံနေတုန်းပါပဲ။ ချစ်သူတွေအတွက်လည်း သူမရဲ့ ဝေဟင်ယံက သီချင်းသံအစီစဉ်လေးကလည်း လေလှိုင်းတွေကြားမှာ ခံစားခွင့်ပေးနေဆဲပါ။



မြတ်နိုးသူ 

အွန်လိုင်းမိတ်ဆွေတွေထဲက ကျွန်မအပေါ် ရင်းနှီးခင်မင်ပြီး ရင်ဖွင့်တိုင်ပင်ဖော် စကားပြောဖော် နောက်တယောက်ကတော့ ဘလော့ဂါမမတစ်ယောက်ပါ။ သူမနဲ့ကျွန်မ စတင်ခင်မင်ခွင့်ရ တာက သူမရဲ့ ဘလော့ကြောင့်ပါ။ စာအရေးအသားကောင်းတဲ့ တင်ဆက်ပုံထူးခြားပြီး ပရိသတ် အပေါ်စေတနာပါတဲ့ သူမရဲ့ဘလော့ကို ကျွန်မ အစဉ်လည်ပတ်ဖြစ်ခဲ့ပါတယ်။ နောက်ပြီး ကျွန်မကိုယ်တိုင် က သူမကို ခင်မင်ချင်တာနဲ့ စတင်မိတ်ဆက်ပြီး ခင်မင်ခွင့်တောင်းခဲ့တာပါ။ သူမကိုယ်တိုင်လည်း ကျွန်မကို လိုလိုလားလားခင်မင်ခဲ့တာမို့ ကျွန်မတို့နှစ်ယောက် အချိန်တိုအတွင်းမှာပဲ ခင်မင်သွားကြပါတယ်။ 

ဝေးမြေမှာ အသိအကျွမ်းနည်းပါးတဲ့ ကျွန်မအတွက် သူမဟာ တိုးတိုးဖော်အဖြစ် သူငယ်ချင်းမိတ်ဆွေအဖြစ် ချစ်ခင်ရသူတယောက်ပါ။ ကျွန်မစိတ်ကျဉ်းကြပ်နေတဲ့ အချိန်တွေမှာ သူမက ကျွန်မ အတွက် နှစ်သိမ့်အားပေးနိုင်တဲ့သူ တယောက်အဖြစ် ရပ်တည်နေတာပါ။ သူမ နဲ့ ကျွန်မ ခင်မင်ချိန်ဟာ အခုဆိုရင် တစ်နှစ်ကျော် နှစ်နှစ်နီးပါးကို ရောက်လာပါပြီ။ အခုချိန်ထိ သူမဟာ ကျွန်မကို ခင်မင်စွာ နဲ့ နွေးထွေးနေတုန်းပါပဲ။ သူမရဲ့ အားပေးစကားတွေ နှစ်သိမ့်ပေးမှုတွေနဲ့ ကျွန်မဟာ အင်အားတစုံတရာ ရခဲ့သလို သူမအတွက်လည်း ခင်မင်ဖွယ်မိတ်ဆွေတယောက်အဖြစ် ကျွန်မရပ်တည်နိုင်အောင် ကြိုးစားနေတာ ပါပဲ။ 


တခါတလေ သူမနဲ့ အဆက်သွယ်ပြတ်သွားတဲ့အခါတိုင်းမှာ သူမကို သတိတရရှိနေတတ်သလို ကျွန်မတစုံတရာ ခံစားနေရတဲ့အခါမှာလည်း သူမကို သတိတရနဲ့ ရင်ဖွင့်ချင်စိတ်တွေ ဖြစ်လာတတ်တာပါ။ ဒါကြောင့် ကျွန်မဟာ အွန်လိုင်းပေါ်တက်မိတဲ့အခါတိုင်းမှာ အဦးဆုံးနှုတ်ဆက်ဖို့ ရှာမိတာကတော့ သူမကိုပါပဲ။ သူမရဲ့ ဘလော့လေးဟာ ပရိသတ်ခိုင်မာစွာရှိနေသလို ပရိသတ်တွေအတွက် အသိခွန်အားတွေ ရသမျိုးစုံ နဲ့ ဝေငှပေးနေသူမို့ သူမကို ကျွန်မ လေးစားမိပါတယ်။ ကိုယ့်ဘ၀အတွက် ရုန်းကန်နေရင်း အားလပ်တဲ့အချိန် ဒါမှမဟုတ် ကိုယ့်ရဲ့ ကိုယ်ပိုင်အချိန်ထဲက တချို့ကို အများအတွက် တစုံတရာပေးစွမ်းနိုင်ဖို့ အားထုတ်နေတဲ့သူအဖြစ် သူမကိုမြင်မိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် စိတ်နှလုံးကောင်းရှိတဲ့ အများကို ကူညီစာနာနားလည်ပေးတဲ့ ကောင်းသောအမြင် ကောင်းသောအကြံတွေနဲ့ အများအကျိုးကို ကူညီစောင်မ သူတွေကိုသာ ကျွန်မက မိတ်ဆွေအဖြစ် ပိုင်ဆိုင်ခွင့်ရထားတာကတော့ ကျွန်မကံကောင်းခြင်းတွေထဲက တစ်ခုပါပဲ။ 


အခြားအခြားသော ကျွန်မနဲ့ အပြင်မှာဆုံစည်းခြင်းမရှိသေးဘဲ အွန်လိုင်းကသာ ခင်မင်ရင်းနှီးကာ အပြန်အလှန် ကူညီနားလည်ရင်း ခင်မင်နေကြတဲ့ ချစ်သော ခင်သော ချစ်မမထားနဲ့ ချစ်ညီမလေး တို့ကိုလည်း ထာဝရ ခင်မင်ရင်းနှီးလိုပါသေးတယ်။ ကျွန်မကိုချစ်သော ကျွန်မက ချစ်သော ခင်မင်ရသူအားလုံး အောင်မြင် ပျော်ရွှင် ချမ်းမြေ့ပါစေကြောင်း ဆုမွန်တောင်းရင်း…. 


အွန်လိုင်းသုံးခြင်း လေးနှစ်ပြည့် အမှတ်တရ 





ကောင်းလေးတွေ မသိဘူး


ကောင်လေးတွေမသိဘူး ဘာကြောင့် ကောင်မလေးတွေက သူ့ဆီဖုန်းဆက်စေချင်တာလဲ

စာလေးတွေပို့စေချင်တာလဲဆိုတာကို


ကောင်မလေးတွေက ဖွဲ့နွဲ့နေတဲ့စကားလုံးတွေကို လိုလားတာမဟုတ်ပါဘူး။
ကောင်လေးဘယ်လောက်အလုပ်ရှုပ်နေပါစေ
 ကောင်မလေးကို သတိရနေပါတယ်ဆိုတာကို
သိချင်နေတာပါ။

----ကောင်လေးတွေမသိဘူး ကောင်မလေးတွေဘာကြောင့် အစားသွားစားမယ်လို့ပြောတာကို…
ကောင်မလေးတွေကတကယ်စားချင်နေတာ
မဟုတ်ပါဘူး။ ကောင်လေးနဲ့ နှစ်ယောက်ထဲ
စားနေရတဲ့အချိန်ကို ကြည်နူးလို့ပါ။ နှစ်ယောက်ထဲကမ္ဘာမှာနေချင်လို့ပါ။

----ကောင်လေးတွေမသိဘူး ကောင်မလေးတွေဘာကြောင့်လက်ဆောင်
လိုချင်တာလဲ….
ကောင်မလေးတွေကတောင်းဆိုလိုက်တဲ့
အရာကို ကောင်လေးတွေဝယ်ပေးမှာလား
မ၀ယ်ပေးဘူးလားဆိုတာကို သိချင်တာပါ။ အဓိကတော့ ကောင်မလေးအတွက်
ကောင်လေးဒီပိုက်ဆံကိုဖြုန်းပေးနိုင်လားဆိုတာကိုသိချင်တာပါ။

----ကောင်လေးတွေမသိဘူး ကောင်မလေးတွေဘာကြောင့်ကောင်လေး
ကိုအလုပ်ကြိုးစား
ခိုင်းတာလဲဆိုတာကို….
ကောင်မလေးတွေက ကောင်လေးလာတောင်းမဲ့နေ့ကို စောင့်မျှော်နေတာပါ။ အလုပ်တွေ
အဆင်ပြေမှ သူတို့ရှေ့ရေးအေးရအောင်လို့ပါ။

----ကောင်လေးတွေမသိဘူး ကောင်မလေးတွေဘာကြောင့် တတွတ်တွတ်ရွတ်နေတာလဲ.
ကောင်မလေးတွေလဲ အဘွားကြီးတယောက်အသွင်မဖြစ်ချင်
ပါဘူး။ ဒါပေမဲ့ ကောင်လေးအပေါ်
ဂရုစိုက်တာတွေ စိတ်ပူတာတွေက အတိုင်းထက်လွန်သွားတာပါ။

----ကောင်လေးတွေမသိဘူး ဘာကြောင့် ကောင်မလေးတွေစိတ်တိုရင်
လမ်းခွဲမယ်လို့ပြောတာလဲ
ကောင်မလေးတွေတကယ်လမ်းခွဲချင်လို
့မဟုတ်ပါဘူး။ ကောင်လေးရဲ့ ယုယမှုတွေ အချစ်တွေကို
သူတို့တွေ ပြန်ရှာယူတာပါ။

----ကောင်လေးတွေမသိဘူး ဘာကြောင့် ကောင်မလေးတွေ လမ်းခွဲပြီးနောက် ကောင်လေးကို
သူငယ်ချင်းအသွင်နဲ့ ဂရုစိုက်နေသေးတာလဲ…
ကောင်မလေးတွေ တကယ်တော့ သူငယ်ချင်းအဖြစ်ပြန်ဟန်ဆောင်ရတာ
ရင်မောလှပါတယ်။
ကောင်မလေးက သူတို့ရဲ့အချစ်ကို ပြန်စောင့်စားမျှော်လင့်မိတာပါ။

----ကောင်လေးတွေမသိဘူး ဘာကြောင့် ကောင်မလေးတွေ လမ်းခွဲပြီးနောက်
ညတိုင်းငိုနေရတာလဲ….
ကောင်မလေးတွေသိတယ် ဒီညတာငိုကြွေးတာနဲ့ မအိပ်ခဲ့ဘူးဆိုရင်
သူလွမ်းလို့အိပ်နိုင်မှာမဟုတ်ဘူး။

----ကောင်လေးတွေမသိဘူး ဘာကြောင့် ကောင်မလေးတွေ သူတို့ကို ရှောင်တာလဲဆိုတာ
ကောင်မလေးတွေက ကောင်လေးကို မတွေ့ချင်လို့မဟုတ်ပါဘူး။ တွေ့လိုက်ရင်
သူ့ခံစားချက်တွေ ပေါ်လာပြီး အခြေအနေတွေ ဆိုးရွားသွားမှာကို မလိုလားလို့ပါ။

----ကောင်လေးတွေမသိဘူး ဘာကြောင့် ကောင်မလေးတွေစိတ်ကောက်ရတာလဲ….
ချစ်တဲ့သူကိုသာစိတ်ကောက်တာပါ… ချစ်တဲ့သူကို အရေးလုပ်လို့…
သူ့ကိုနားလည်စေချင်လို့ပါ။

----ကောင်လေးတွေမသိဘူး ဘာကြောင့် ကောင်မလေးတွေ စိတ်လဲမကောက်ရန်လဲမဖြစ်ပဲ
တိတ်ဆိတ်နေရတာလဲဆိုတာ…
ကောင်မလေးခံစားနေရတာဘယ်လောက်နာ
ကျင်နေပါစေ..တခါတခါ ကောင်လေးတွေရဲ့စိတ်ကို
သူတို့ပြောင်းလဲလို့ရတာမဟုတ်လို
့ ကောင်မလေးက သူ့ရဲ့စိတ်ကို ငြိမ်သွားအောင်
တိတ်တိတ်နေလိုက်တာပါ။

----ကောင်လေးတွေမသိဘူး ဘာကြောင့် ကောင်မလေးတွေအရင်ရည်းစားကို
မေးမေးနေတာလဲဆိုတာ…
ကောင်မလေးတွေက အရင်ရည်းစားလို သူ့ကိုချန်ထားခဲ့မှာစိုးရိမ်နေလို့ပါ။

----ကောင်လေးတွေမသိဘူး ဘာကြောင့် ကောင်မလေးတွေကကောင်လေးရဲ့ရှင်ြး
ပချက်တွေကို
နားထောင်ပေးတာလဲ….
ကောင်မလေးတွေ စိတ်မတိုတာမဟုတ်ပါဘူး။ ဒါပေမဲ့ ကောင်လေးရဲ့ ရှင်းပြချက်ထဲကနေ
သူအရေးကြီးတာလား တခြားသူအရေးကြီးတာလားဆိုတာကို သိချင်လို့
သေချာနားထောင်ပေးနေတာပါ။

 

"အချစ်ရှိတဲ့ ရက်စွဲတွေကို ပိုင်ဆိုင်ဖို့ ... "

 

Loveless life is a living death. “အချစ်မရှိသော ဘဝသည် ရှင်လျက်နှင့် သေနေခြင်း ပါပဲ” အချစ်ဟာ လူသားဘဝရှင် သန်မှုရဲ့ ရေသောက်မြစ် ဖြစ်ပါတယ်။ အချစ်ကိုသာ ဘဝထဲကနေ ဖယ်ထုတ်ပစ်လိုက်ရင် အနှုတ်လက္ခ ဏာပြသွားမှာပါ။

ဘဝမှာ ရှင်သန် ချိန်အတွင်း လူသားတိုင်း ပျော်ရွှင် ချင်ကြပါတယ်။ စိတ်ချမ်းသာချင် ကြပါတယ်။ တစ်နေ့ တစ်နေ့ ငွေတွေကို အတော မသတ် နိုင်အောင် ရေတွက် နေကြသူတွေ ပျော်ရွှင် ကြပါသလား။
စားကောင်းသောက်ဖွယ်တွေ ကို နေ့တိုင်း စားသောက် နေကြသူ တွေ ပျော်ရွှင်ကြပါသလား။ အဖြေ ကတော့ သိပ်မသေချာလှပါဘူး။ စာဖတ်သူတို့လည်း ကြားဖူးကြမှာ ပါ။ ရုပ်ဝတ္ထုပစ္စည်းတွေ တိုးတက် လွန်းတဲ့နိုင်ငံတွေမှာ ကိုယ့်ကိုယ် ကိုယ်သတ်သေမှုတွေဖြစ်ပွားနေကြ တဲ့အကြောင်းတွေလေ။

ကျွန်မတို့ မြန်မာနိုင်ငံ ရဲ့ယဉ် ကျေးမှုနဲ့ တခြား အနောက်နိုင်ငံ တွေရဲ့ယဉ်ကျေးမှုက တော်တော် လေးကွာခြားပါတယ်။
သူတို့နိုင်ငံ တွေမှာ ချစ်သူကို တစ်ယောက်ဆို တစ်ယောက် သတ်သတ်မှတ်မှတ် မထားကြပါဘူး။ အခုတစ်ယောက်၊ နောက်တစ်ယောက်တွဲကြသလို Single Mother လို့ခေါ်တဲ့ (ဖခင် အမည်မခံဘဲ ကလေးမွေးတဲ့မိခင်) တွေလည်း အများကြီးရှိပါတယ်။ တစ်ချိန်လုံးမှာ ငွေကြေးကိုဦးစား ပေးနေတော့ ချစ်ခြင်းမေတ္တာအ ပေါ်ထားရှိတဲ့ “တန်ဖိုး” က လျော့ ကျလာပါတယ်။ ဒါ့အပြင် လက်မထပ်ဘဲအတူ နေတဲ့ (Living together) က လည်းထွန်းကားနေတော့ ချစ်ခြင်း ကို အလေးမထားသလိုဖြစ်နေပါ တယ်။
ကျွန်မတို့နိုင်ငံရဲ့ ယဉ်ကျေး မှုက Living together, Single Mother ...စတာတွေကိုအားမ ပေးပါဘူး။

အချစ်စစ်၊ အချစ်မှန်နဲ့ ချစ်ဖို့ကိုပဲ အားပေးပါတယ်။ ဒါ ကြောင့် မိကောင်းဖခင်မြန်မာအမျိုးသမီးလေးတွေအနေနဲ့ အ နောက်တိုင်းယဉ်ကျေးမှု၊ ကိုရီးယား ယဉ်ကျေးမှုကို အားမကျဖို့ တိုက် တွန်းချင်ပါတယ်။ တကယ်တော့ အချစ်ဆိုတဲ့ ခံ စားချက်ဟာ အရမ်းနူးညံ့သိမ်မွေ့ ပါတယ်။ ကိုယ်ချစ်နေတဲ့သူတစ် ယောက်ကိုဖွင့်ပြောဖို့တောင်အချိန် တော်တော်ယူရတာပါ။
ယောကျာ်း လေးတွေကို တစ်ခုလောက်တိုက် တွန်းချင်တာက ရင်ထဲကအချစ်စစ် နဲ့ချစ်ရသူကိုပဲ ချစ်တဲ့အကြောင်း ဖွင့်ပြောပါလို့။ အချစ်ဟာ အစမ်း သပ်ခံအရာမဟုတ်ပါဘူး။ ကြား ကောင်းရုံ၊ နားထောင်ကောင်းရုံအ ချစ်ပုံပြင်တွေကို မဖန်တီးသင့်ပါ ဘူး။ ချစ်သူတွေရယ်လို့ဖြစ်လာရင် လည်း တစ်ယောက်ရဲ့အမှားကို တစ်ယောက်က ခွင့်လွှတ်ပေးနိုင်ဖို့ ကြိုးစားပါ။

လူဆိုတာ အမှားမကင်း တတ်ပါဘူး။ အသေးအမွှားအမှား ဆိုရင် နာကျင်စေလောက်အောင် ထပ်ခါတလဲလဲ ပုံကြီးချဲ့ပြီးမပြောပါ နဲ့။ ကိုယ့်အပေါ်နားလည်ပေးနိုင်တဲ့၊ ခွင့်လွှတ်ပေးနိုင်တဲ့၊ ယုယကြင်နာ တဲ့ချစ်သူတစ်ယောက်ရှိနေတဲ့ဘဝ က အဓိပ္ပာယ်ရှိတဲ့ဘဝပါ။ တစ်ခု တော့ ရှိပါရဲ့..။ အချစ်ပေးမှ အ ချစ်ရတာပါ။ သူ့ဘက်ကအချစ်ကို ချည်း မျှော်လင့်နေမယ့်အစား ကိုယ့် ဘက်ကအချစ်ကိုပေးဖို့ ကြိုးစား တာက ပိုကောင်းပါတယ်။ ပန်းခြံထဲမှာ ရောင်စုံဝဲပျံပြီး လှပနေတဲ့လိပ်ပြာလေးတွေကို တစ် ယောက်တည်းငေးမောရတာထက် စာရင် ချစ်သူနဲ့အတူတူ ငေးမောရ တာက ပိုကောင်းပါတယ်။ တသွင် သွင်စီးဆင်းနေတဲ့ စမ်းရေစီးသံကို တစ်ယောက်တည်းနားထောင်ရတာ ထက်စာရင် ချစ်သူနဲ့အတူတူနား ထောင်ရတာ ပိုကောင်းပါတယ်။
 
ရာသီအလိုက် ဖူးပွင့်နေတဲ့ပန်းက လေးတွေရဲ့အလှကို တစ်ယောက် တည်းခံစားရတာထက်စာရင် ချစ် သူနဲ့အတူတူ ခံစားရတာက ပို ကောင်းပါတယ်။ အနည်းဆုံးတော့ ကိုယ်စိတ် ဓာတ်ကျနေရင် ချစ်သူဆီကစိတ် အားတက်ြွကစေတဲ့ စကားတွေကြားနိုင်သေးတာပေါ့။ တစ်ခါတရံ ကိုယ်မဖြေရှင်းနိုင်တဲ့ ပြဿနာတွေ၊ အခက်အခဲတွေကို ချစ်သူက ဖြေ ရှင်းပေးနိုင်ပါတယ်။
ချစ်သူတွေ ကြားက ချစ်ခြင်းမြဲမြံဖို့အတွက် “ကိုယ်ကျင့်တရား”ကလည်း အရေး ပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေ ပါတယ်။ လူတစ်ယောက်ဟာ ကိုယ့် လိပ်ပြာ ကိုယ်လုံသလို ကိုယ့်ချစ်သူ အပေါ် လိပ်ပြာလုံဖို့လည်း လိုပါ တယ်။ တကယ်လို့ သင်ဟာ ရှေ့မှာ တစ်မျိုး၊ ကွယ်ရာမှာတစ်မျိုးလုပ် တတ်တဲ့သူဆိုရင် သင့်ချစ်သူက သင့်ကိုယုံကြည်မှာမဟုတ်ပါဘူး။ ပြီး တော့ ညည်းညူတတ်တဲ့အကျင့်ရှိ ရင် ဒီနေ့ကစပြီး ဒီအကျင့်ကို ဖျောက်လိုက်ပါတော့။
 
ခိုလိုညည်း တတ်တဲ့သူကို ကိုယ့်ချစ်သူက စိတ် ပျက်တတ်ပါတယ်။ ဘဝမှာ အခက် အခဲ၊ အကျပ်အတည်းဆိုတာ လူ သားတိုင်းမှာ ရှိနိုင်တာပါပဲ။ ကိုယ်ရွေးချယ်လိုက်တဲ့ချစ်သူ ဟာ ရုပ်ချောဖို့ထက်၊ ချမ်းသာဖို့ ထက်စိတ်ရင်းသဘောထားကောင်း မွန်ဖို့၊ ကိုယ်ကျင့်တရားကောင်းမွန် ဖို့ ပိုအရေးကြီးတယ်ဆိုတာ မြဲမြဲ မှတ်ထားပါ။ တလောက ဂျာနယ် တစ်ခုမှာ သတင်းတစ်ပုဒ်ဖတ်လိုက် ရပါတယ်။ မိန်းမနဲ့ကလေးရှိရက်နဲ့ လူပျိုပါလို့ ဖြားယောင်းလက်ထပ်ခဲ့ လို့ မိန်းကလေးဘက်က တရားစွဲတဲ့ သတင်းပါ။ ကျွန်မအမြင်ပြောရရင် နှစ်ဖက်စလုံးမှာ တာဝန်ရှိပါတယ်။

ကိုယ်နဲ့ချစ်နေသူက ဘယ်လိုလူလဲ ဆိုတာ သိအောင်အရင်ကြိုးစား သင့်တာက မိန်းကလေးတွေရဲ့တာ ဝန်ပါ။ တကယ်တော့ အချစ်က လိမ် ညာဟန်ဆောင်ခြင်း အလျဉ်းမရှိဘဲ သူ့သဘောသူဆောင်နေတာပါ။ ကိုယ်နဲ့ထိုက်တန်မယ့်ချစ်သူကို ရွေး ချယ်ဖို့က ကိုယ့်တာဝန်ပဲဖြစ်ပါ တယ်။ အချစ်ရှိတဲ့ဘဝမှာ ချစ်ခြင်း နဲ့ထိုက်တန်တဲ့ အပြုအမူ၊ လုပ်ရပ် တွေနဲ့သာ အကောင်းဆုံးအနာဂတ် ကို ဖန်တီးကြပါလို့ လူငယ်တွေကို စကားလက်ဆောင်ပါးပါရစေ။ ။


ကလောင် - ပန်းပွင့်ကဗျာ


ရည်းစား


ရည်းစားအများကြီးထားရတဲ့ကောင်းကျိုး

၁) ယောက်ကျားလေးတွေရဲ့အကြောင်းကိုပိုသိလာမယ်…
(အဲဒီထဲမှာမှ ကိုယ်လက်မခံနိုင်တဲ့အကျင့်တွေ ကိုယ်လက်ခံနိုင်တဲ့အကျင့်တွေသိနိုင်မယ်)
၂) ဘယ်သူက ကိုယ့်ဘဝကို အကောင်းဆုံးဖြည့်ဆည်းပေးနိုင်တဲ့သူလဲဆိုတာ သိလာနိုင်တယ်
(ပြောရရင်ကိုယ့်ဘဝကို ပြည့်ပြည့်စုံစုံဖန်တီးပေးနိုင်တဲ့သူကိုရွေးနိုင်မယ်)
၃) ကိုယ့်မိဘအသိုင်းအဝိုင်းကလက်ခံနိုင်တဲ့သူကိုအကြိုက်ရွေးနိုင်တယ်…
(ဒါမှ နောင်တစ်ချိန်မိဘကို ပြန်ကြည့်နိုင်မဲ့သူမျိုးဖြစ်မယ်)
၎) ဘယ်သူက ကိုယ့်အပေါ်ဘယ်လောက်အနစ်နာခံချစ်သလဲ သေချာသိနိုင်မယ်..
(ကိုယ်က နဲနဲဆိုးတတ်ရင် အဲလိုလူမျိုးမှဖြစ်မှာ)
၅) အဓိက အချက်ကတော့ ကိုယ်က ဘယ်သူ့အပေါ်အချစ်ဆုံးလဲဆိုတာသိနိုင်မယ်….
(ကိုယ်ချစ်တဲ့သူနဲ့ဆို တူနှစ်ကိုယ်တဲအိုပျက်မှာ နေပီး ထမင်းရည် လျက်နိုင်တယ်ဆိုတဲ့ စကားရှိတယ်မို့လား)

ရည်းစားအများကြီးထားရတဲ့ဆိုးကျိုး

၁) ရည်းစားများတဲ့သူဆိုပြီး အထင်သေးခံရမယ်
၂) သူ့ဘက်မိဘအသိုင်းအဝိုင်းက ငြိုငြင်တာခံရမယ်
၃) ဘဝတစ်လျှောက်လုံးသူ့အတွက်နိုင်ကွက်ဖြစ်သွားမယ်
၎)ယောက်ကျားလေးတွေရဲ့ ပညာပေးခြင်းခံရမယ်
၅)အဓိကကတော့ ကိုယ်တကယ်ချစ်တဲ့သူကို ဆုံးရှုံးဖို့အရမ်းနီးစပ်သွားမယ်…။

တစ်ယောက်တည်းပဲ ချစ်ချင်တဲ့ကောင်းကျိုး

၁) ရည်းစားမများတဲ့နာမည်ကောင်းရလိမ့်မယ်..
၂) မိဘတော်တော်များများက သဘောကျတာခံရမယ်..
၃) ယောက်ျားလေးအတော်များများရဲ့အထင်ကြီးတာခံရမယ်
၎) ကိုယ်တစ်ကယ်ချစ်တဲ့သူရဲပ တန်ဖိုးထားတာ ခံရမယ်..
၅) အဓိကကတော့ ကိုယ့်ချစ်သူအတွက် ဖြူစင်တဲ့ ဇနီးကောင်း လင်ကောင်း ဖြစ်လာလိမ့်မယ်…

တစ်ယောက်တည်းပဲချစ်ချင်တဲ့ဆိုးကျိုး

၁) ကိုယ်ချစ်သူရဲ့လှည့်စားတာကို မကြာခဏ ခံရတတ်တယ်…။
၂) ကိုယ့်ပတ်ဝန်းကျင်မှာသူ့ထက်တော်တာတွေကို လက်လွှတ်သွားရတတ်တယ်။
၃) သူက ဘယ်လောက်ပဲ အကျင့်ဆိုးတွေရှိရှိ သူ့တစ်ယောက်ပဲချစ်တာဆိုတော့ အမြဲတမ်းခွင့်လွှတ်ပေးရမယ်….။
၎) ကိုယ့်ထက်သာတာတွေ့ရရင် ကိုယ့်ကိုထားခဲ့လိမ့်မယ် အဲဒီအခါကျရင် အရမ်းကြေကွဲ ဝမ်းနည်းရလိမ့်မယ်..
၅)အဓိကကတော့ ကိုယ့်ရဲ့ရိုးသားမှုကိုအသုံးချပြီးသူလှည့်စားသမျှခံရလိမ့်မယ်…။

No comments:

Post a Comment