Saturday, July 21, 2012

Travel and Tour

10 Beautiful Places That must be traveled in USA












Myanmar, Mandalay

Mandalay City is the last city where Burmese Kings ruled, a not so old pagoda and temples citadel of the Konebaung dynasty who ruled the country for the last time before the British annexation in 1885.


The city at the Irrawaddy river was built under King Mindon starting at 1856, at that time a Irrawaddy river cruise was the preferred means of transport.

Today the city is the number three tourist destination in the country and is flooded by Chinese immigrants from behind the northern border.

Mandalay is still the hub and center of culture and communication with all what a great city needs, such as hotels, markets, temples and a great Buddhist legacy with countless Buddhist monasteries and pagodas.

Mandalay Royal Palace

wall

The palace is actually a walled city located within the city of Mandalay. King Mindon ordered that the palace be built in 1861, in order to fulfil a prophecy of the Buddha.

Clock Tower

Watch Tower

During WWII, many sections of the palace were destroyed, but it was rebuilt at the end of the war. The Royal Palace is one of the city’s top attractions, boasting a number of exquisite pavilions and a museum where you’ll see models of several of the original palace buildings. 



Russia , Moscow

ရုရှားဆိုတဲ့ နိုင်ငံအကြောင်းကို ငယ်ငယ်တုန်းက ပထ၀ီစာအုပ်ထဲမှာ သင်ခဲ့ရဖူးတယ် ။ အသက်ကြီးလာတော့လည်း ရုရှား သမ္မတ ပူတင်အကြောင်း သတင်းထဲမှာ ၊ ဂျာနယ်တွေမှာ ဖတ်ရတယ် ။ ရုရှားထုတ် ဒုံးပျံများ ၊ ရေငုပ်သင်္ဘောများ ၊ စစ်လက်နက်များ အာရှနိုင်ငံများသို့
တင်ပို့ရောင်းချနေတယ် ဆိုတဲ့ အကြောင်း ၊ ဦးခင်ညွှန့်လက်ထက်က ထောက်လမ်းရေးဆိုတာ ရုရှားပြန်များ ဖြစ်ကြောင်း ၊ IT နည်းပညာများကိုလည်း ရုရှားများက ကူညီထောက်ပံ့နေကြောင်း ၊ Anonymous ဟက်ကာအများစုမှာလည်း ရုရှားများ ဖြစ်ကြောင်း အစရှိတဲ့ သတင်းများကိုတော့ ကြားဖူးနေတာ အတော်ကြာပြီ ။

Moscow မှာ ကျောင်းတက်နေကြတဲ့သူတွေဟာ မြန်မာ စစ်ဗိုလ်တွေဆိုပဲ ။ ရုရှားဟာ နျူကလီးယား နည်းပညာမှာ ကမ္ဘာ့ ထပ်ဆုံးမှာ ရှိတယ် ။ တကယ်လို့ နိုင်ငံ တစ်ခုဟာ နျူကလီးယား ဓတ်ပေါင်းဖိုတို့ ၊ ဒုံးပျံ့တို့ လုပ်ချင်တယ် ဆိုရင် သူ့အနေဖြင့် အကူအညီပေးဖို့ အဆင်သင့်ပဲ ။

ဘောလုံးလောကမှာလည်း ရုရှားအသင်း ဆိုတာ ရှိပါတယ် ။ အင်္ဂလန် အသင်း နည်းပြ အဖြစ်မှ နှုတ်ထွက်လိုက်တဲ့ ကာပယ်လို ဟာ အခု ရုရှားအသင်း နည်းပြ လုပ်နေပါတယ် ။

ကျွန်တော်ကတော့ ရုရှားအကြောင်းကို တခါမှ စိတ်မ၀င်စားမိဘူး ။ သူများတွေ ဆယ်တန်းအောင်ပြီးနောက် နိုင်ငံခြားဘာသာကျောင်းမှာ ရုရှားစကားပြောသင်တန်း ၊ စပိန်စကားပြောသင်တန်းတွေ တက်ကြပါတယ် ။ ကျွန်တော်ကတော့ အင်္ဂလိပ်ကြိုက်လို့ English စာပဲ လေ့လာပါတယ် ။

ဖတ်မိတဲ့ စာအုပ်တွေထဲမှာလည်း ဂျပန်အကြောင်း ၊ ကိုရီးယားအကြောင်း ၊ စင်္ဂပူအကြောင်းတွေပဲ ပါတယ် ။ ရုရှား နိုင်ငံအကြောင်းရေးထားတဲ့ စာအုပ်စာပေမျိုး မဖတ်ဖူးဘူး ။

အင်တာနက်သုံးခဲ့တဲ့ ၅ နှစ်ကျော် ကာလများမှာလည်း ရှရှား နဲ့ ပတ်သက်တဲ့ အကြောင်းတွေကို search မလုပ်ခဲ့ဖူးဘူး ။ အခုနောက်ပိုင်း Travel and Tour အကြောင်း စိတ်ဝင်စားလာလို့ နိုင်ငံတွေအကြောင်းကို အင်တာနက်မှာ ၊ YouTube မှာ ကြည့်ဖြစ်တယ် ။

ပြီးတော့ ကျွန်တော့် blog ကို ရုရှားက ၀င်ကြည့်တဲ့ user တွေလည်း ရှိတယ်လို့ သိရတယ် ။ ဒါနဲ့ပဲ ရုရှား အကြောင်းလေး ရေးဖို့ ဖြစ်လာတယ် ဆိုပါတော့ ။

ရုရှားဆိုတာ ပထမဆုံး လူသားမျိုးနွယ်တွေ modern human လို့ခေါ်တယ် ၊ လွန်ခဲ့တဲ့ နှစ်ပေါင်း 35000 လောက်က ရုရှားမှာ နေထိုင်ခဲ့တယ် ၊ သူတို့ရဲ့ အရိုးစုတွေကို ရုရှားမှာ တွေ့တယ် ။ ရုရှား ရဲ့ မြို့တော် Moscow ကို သက္ကရဇ် ၁၁၄၇ ၊ ၁၂ ရာစုလောက်က တည်ဆောက်ခဲ့တယ်လို့ သိရတယ် ။

ရုရှားအကြောင်း ရှာကြည့်လိုက်တော့ Moscow Kremlin, Cathedral Square, Red Square တို့ကို တွေ့တယ် ။ ဒါနဲ့ ပထမဆုံး Kremlin အကြောင်းကို ရေးမယ် ။


The Moscow Kremlin ဆိုတာ သမိုင်းဝင် ရုရှားရဲ့ အသဲနှလုံး ဖြစ်ပါတယ် ။ Moskva River မြစ်ရဲ့ ဘေးမှာ ရှိပါတယ် ။

ရှင်းရှင်းပြောရရင် နန်းတော်လိုလို ခံတပ်လိုလို ဆောက်ထားတာပါ ၊ အရင်ခောတ်လက်ရာဆိုတော့ သစ်သားတွေ limestone လို့ခေါ်တဲ့ သန္တာကျောက်ဆိုင် ကျောက်တုန်းတွေ အသုံးပြုထားတာ မြင်တွေ့ရမှာ ဖြစ်ပါတယ် ။ ရာဇ၀င် ဗွီဒီကားတွေ ကြည့်ရင် သိပါလိမ့်မယ် ။ ရှေးတုန်းက မြို့ရိုးတွေ ခံတပ်တွေ ဘယ်လို ဆောက်တယ် ၊ စစ်တိုက်နည်း နည်းဗျူဟာတွေ ဘယ်လို သုံးကြတယ် ဆိုတာလေ ။ အဲဒိခောတ်လောက်တုန်းက Sweden and Poland တို့ဟာ သူ့ရန်သူပေါ့ ။





မြစ်ရဲ့ဘေးမှာ မြို့တည်တာ ခံတပ် ဆောက်တာကတော့ သဘာဝကျပါတယ် ။ အရပ် ရှစ်မျက်နှာကို လုံခြုံစေတာပေါ့ ။

မန္တလေးနန်းတော်၊ မြို့ရိုးတို့ ဆောက်တုန်းက ဘေးပတ်ပတ်လည်မှာ ရေကာချင်လို့ မြောင်းတူးတယ် မဟုတ်လား ။ အခုခောတ်စကားနဲ့ ပြောရင်ရေကာတာ ဆောက်တယ်ပေါ့ ။




 
ထူခြားတာက ဒီ Moscow Kremlin ထဲမှာ နန်းတော်ကြီး လေးခု ၊ cathedrals လို့ ခေါ်တဲ့ ဘုရားရှိခိုးကျောင်းကြီး လေးခု ၊ tower ပေါင်း ၂၀ လောက် ရှိပါတယ် ။

ဘုရားကျောင်းတစ်ခုကိုတော့ Tsars ဘုရင်ရယ် သူ့ရဲ့ မိသားစုရယ် မီးသင်္ဂြုလ်တဲ့ burial vault အဖြစ် အသုံးပြုလိုက်ပါတယ် ။

Kremlin ဟာ ကမ္ဘာ့ အကြီးဆုံး ပြတိုက်လို့ ပြောလည်း ရတယ် ။ တန်ဖိုး မဖြတ်နိုင်တဲ့ အနုပညာ အမွေအနှစ်တွေ  ရုရှားလူမျိုးတို့ရဲ့ ရတနာတွေ သိမ်းစီးထားတဲ့ နေရာတစ်ခုပေါ့ ။ ယနေ့မှာတော့ tourists တွေကို နေရာတိုင်းကို ၀င်ခွင့် ၊ ဓတ်ပုံရိုက်ခွင့် မပြုပါဘူး ။




တကယ်လို့ စာဖတ်သူ မြင်တွေ့မိမယ်ဆိုရင်လည်း အံ့သြမိမှာပဲ ဖြစ်မှာပါ ။ ရုရှားတွေရဲ့ ဘ၀ ဖြစ်ပြီး လွန်ခဲ့သော နှစ်ပေါင်း ရှစ်ရာကျော်က architecture ဒီဇိုင်းတွေကြောင့် travelers တွေ အလည်များကြပါတယ် ။
Moscow ကို သွားမယ်ဆိုရင်တော့ Kremlin ကို မဖြစ်မနေ အရောက်သွားရမယ့် နေရာ ဖြစ်ပါတယ် ။
kremlin ဟာ Moscow မြို့အလည်လောက်မှာ ရှိပါတယ် ။ Wall တွေ Towers တွေ ရွှေရောင် ဘုရားရှိခိုးကျောင်းတွေကို အဝေးကြီးကနေ မြင်တွေ့နိုင်ပါတယ် ။ Moskva River ဘေးမှာလည်း လျှောက်လည်လို့ ရပါသေးတယ် ။




Kremlin ဟာ သမ္မတရဲ့ အိမ် ဖြစ်တယ် လို့ တရားဝင် ကြော်ငြာထားပါတယ် ။ ပူတင် ဘယ်အိမ်မှာ နေလဲတော့ ကျွန်တော်လည်း မသိဘူး ။


Singapore


စင်ကာပူဟာ သူတို့ကိုယ်သူတို့ one people one nation one singapore လို့ ပြောပါတယ် ။ 
ကျွန်တော်တွေ့တာကတော့ ကုလားတွေ နဲ့ တရုတ်တွေ ချစ်ကြည်ရေးယူထားတဲ့ နိုင်ငံတစ်ခု လို့ မြင်ပါတယ် ။ 

၆၅ % ဟာ citizens ၊ 10 % permanent residence(PR) ၊ ၂၅ % foreigners လို့ ပြောတာပဲ ။
စလုံးက လူတွေဟာ အသက်ရှည်ကြတယ် ။ ဘယ်သွားသွား အနီးနားမှာ အဖိုးကြီး အဘွားကြီးတွေကို တွေ့မြင်နိုင်တယ် ။
ဒါပေမယ့် ဒုက္ခိတတွေလည်း များတယ် ဘာဖြစ်လို့လဲ တော့ မသိပါ ။ 


စင်ကာပူရဲ့ government policy တွေ ဘယ်လောက်ပဲတင်းကျပ်ပါစေ သူခိုးတွေရှိတယ် မူယစ်ဆေးတွေရှိတယ် လူသတ်မှုတွေရှိနေတုန်းပါပဲ ။ 
The Straits Time မှာ တစ်ပတ် တစ်ခါလောက် မှုခင်းသတင်းတွေ ပါလာတတ်တယ် ။ 


စလုံးမှာ နွေ မိုး ဆောင်း မရှိဘူး ။ အပူချိန်က ၂၂ - ၃၄ ဒီကရီ ကြားထဲမှာ ရှိမယ် ။ မိုးရွာချင်ရွာမယ် နေပူချင်ပူမယ် ။
အဲဒီလိုပဲ ရာသီဥတု ဆိုတာ ခန့်မှန်းလို့ မရဘူးလေ ။ 


တရားဝင် languages အနေနဲ့ english , mandarin , malay တို့ကို သုံးပါတယ် ။ 
MRT ရထားပေါ်မှာ Office မှာ english လို ပြောနေကြတဲ့ အသံတွေကို ကြားနေရပါတယ် ။ 
မူလတန်း ကလေးလေးကအစ ဖုန်းကလေးထုတ်ကာ hello ! Where are you ? ဆိုပြီး ပြောနေတာတွေ့ရတော့ 
ငါ english စာ လေ့လာတာ နှစ် ၂၀ လောက် နောက်ကျနေတယ်လို့ ခံစားမိပါတယ် ။ 
ကြုံတုန်းပြောရဦးမယ် အလယ်တန်း ကျောင်းသူလေးကလဲ iPhone နဲ့ ဗျ ။
လွဲနေတာတစ်ခုက english စကားကို တရုတ်အသံထွက်(accent) နဲ့ ပြောနေတာ အတော် နားထောင်ရ ဆိုးပါတယ် ။ 


လူနေထိုင်မှု အဆင့်အတန်းကို ကြည့်မယ်ဆိုရင် စလုံးဟာ အာရှမှာ the best quality of living ဖြစ်ပြီး
အာရှသားတွေ နေထိုင်ဖို့ the best location in the world ဖြစ်ပါတယ် ။ ထိုသို့ပြောနေသော်လည်း စင်ကာပူ လေဆိပ်မှာ
စလုံးလူဝင်မှု ကြီးကြပ်ရေးတွေက မြန်မာတွေကို ဘာလာလုပ်တာလဲ အလည်လာတာ အလုပ်လုပ်လို့မရဘူး အစရှိသဖြင့်
ဆုံးမစကားတွေ ပြောကြားနေတာ အထာတော့ မကျလှဘူး နော် ဟင် ... ဟင် ... ။ စလုံးအနေနဲ့ ကြည့်မယ်ဆိုရင် မြန်မာပြည်ဟာ အဖေတော်ရမယ့် နိုင်ငံပါ ။

သားက အဖေကို visa မလိုဘဲ အခမဲ့ ၀င်ခွင့်ပေးသင့်တယ် မဟုတ်လား ။ အမြင်လေး ဆွေးနွေးပေးပါဦး ။ 

စလုံးရဲ့ education system က ကမ္ဘာမှာ အကောင်းဆုံး ဆိုပဲ ။ ကောင်းတယ်ဆိုတော့ ကျွန်တော် ဘာမှ ပြောစရာ မလိုတော့ဘူးပေါ့လေ ။ 

Basic Salary အကြောင်းလေး သိရအောင်ဖော်ပြပေးလိုက်ပါတယ် ။ လစာ 1800 အောက် ရတဲ့ သူတွေကို work permit(WP) သမားတွေလို့ ခေါ်တယ် ။ 


- Between SGD 1,800 – 2,500, you qualify for S-Pass 
- Between SGD 2,500 – 3,500, you qualify for Q1 EP (Employment Pass)
- Between SGD 3,500 – 7,000, you qualify for P2 EP
- Above SGD 7,000, you qualify for P1 EP


လစာကောင်းရင် အခွန်များများ ဆောင်ရတယ်ဆိုတာလဲ မမေ့ပါနဲ့ ။ 
မကြာခင်မှာ Spass သမားတွေရဲ့ လစာတွေဟာ အနိပ့်ဆုံး 2000 ဖြစ်တော့မှာပါ ။ 


စလုံးမှာ HDB(Housing Development Board) လို့ခေါ်တဲ့ အခန်းတွေ flat or apartment တွေကို တမြို့လုံး ပုံစံတူတွေ ဆောက်လုပ်ထားပါတယ် ။ 
အိပ်ခန်း နှစ်ခန်း ၊ သုံးခန်းပါတတ်တယ် ။ Transportation အနေနဲ့ကတော့ bus ရှိမယ် MRT ရထားရှိမယ် ။
Taxi ကတော့ မီတာဖတ်ပြီး ပတ်ဆံရှင်းရတာပါ ။ နှစ်ထပ်ဘက်စ်ကားတွေလဲ ရှိပါတယ် ။ 
စလုံးမှာ ဓတ်မီးတိုင် မရှိဘူး ။ လျှပ်စစ်ဝါယာကြိုးတွေ မြို့ပေါ်မှာ မရှိဘူး ။ မြေအောက်စနစ်သုံးထားတယ် ။
MRT ၀င်ပေါက် ထွက်ပေါက်တွေမှာ CCTV camera တွေ ရှိတယ် ။ လမ်းညွှန်မြေပုံတွေ ရှိတယ် ။ 


Cost of living in Singapore အကြောင်းကို ဒီနေရာမှာ အသေးစိတ် ဖတ်ပါ  :
http://www.xpatxperience.com/makinghome/singapore_cost_of_living.shtml



စင်ကာပူမှာ လိုချင်တာ အားလုံး ၀ယ်လို့ရပါတယ် ။ ကမ္ဘာမှာ ရှိတဲ့ ဆိုင်တွေအားလုံး စလုံးမှာ ရှိတယ် ဆိုပါတော့ ။ 
Shopping malls တွေ ဘယ်လောက်တောင်များလဲဆိုရင် ၁၀ နှစ်နေတောင် နေရာဆုံ မရောက်သေးဘူး ။
ဒီ site မှာ visit လုပ်ကြည့်ပါ  :
http://www.shopping.sg/shopaglore/list-of-shopping-malls-in-singapore/


Fashion အကြောင်းဆက်ပြောတာပေါ့ ။ ဒီလောက် ၀ယ်ချင်စရာတွေ သိပ်ကောင်းတဲ့ Shopping Malls ကြီးတွေ
ရဲ့ ဆွဲဆောင်မှုကို စင်ကာပူသားတွေ မခံနိုင်ပါဘူး ။ စလုံးဟာ ဖက်ရှင်ထွန်းကားတဲ့ မြို့တော်ပါ ။
ဒီမှာ လူတိုင်းဟာ သူတို့ကိုယ်သူတို့ မင်းသား မင်းသမီးတွေကဲ့သို့ ပြင်ဆင်ကြပါတယ် ။ 
MRT ဟာ မြေအောက်ထဲမှာ မောင်းတာများပါတယ် သို့သော် နေကာမျက်မှန်ကြီးတက်ထားတဲ့သူတွေ ရှိတယ် ။
ရုပ်ဆိုးတာ ဗေလုဝတောင် အရုံးပေးရလောက်တယ် သို့သော် နောက်ဆုံးပေါ် ၀တ်ဆုံကို ဈေးကြီးပေးဝယ်ကာ
ဖက်ရှင်ကျကျနဲ့ လန်းနေတယ် ။ အသက်က ဂိတ်ဆုံးနေပြီ သို့သော် လှချင်စိတ် မကုန်သေးတဲ့ မယ်ဒေါ်ကြီးတွေလဲ အများသား ။ 
ဈေးနှုန်းဆိုလို့ သိပ်တော့ မလန့်ပါနဲ့ အလုပ်အကိုင်ရှိတဲ့ စလုံးသားတစ်ယောက်အနေနဲ့
ဘာမဆို ၀ယ်သုံးနိုင်တဲ့ အနေအထားမျိုးပါ ။ ကြုံလို့ပြောလိုက်ဦးမယ် စလုံးမတွေဟာ အသားအရည်လှတယ် ။
တရုတ်တွေကိုး ကိုယ်လုံးကိုယ်ပေါက်တော့ သိပ်မမိုက်ဘူး ရွဲတယ် ဆိုပါတော့ ။ အချောအလှလေးတွေလဲ ရှိရဲ့ ။ 


သတိထားမိတာတစ်ခုက စလုံးမတွေမှာ မြန်မာမတွေလို အိဒြေ္တွ  မရှိဘူး ။
နူးညံ့သိမ်မွေ့မှု မရှိဘူး ။ မနွေးထွေးဘူး ဆိုပါတော့ ။



စလုံးတွေအားလုံးဟာ electronic device တွေကို crazy ဖြစ်ပါတယ် ။ iPhone ကို အများဆုံးသုံးပါတယ် ။
အင်တာနက်လိုင်းပါယူထားတယ် သီချင်းနားထောင်တယ် video ကြည့်တယ် msg ပို့တယ် ။ ပြီးတော့ blackberry bold လည်း အသုံးများတယ် ။ တချို့က ရုတ်တရက်ကြည့်ရင် အလုပ်ရှုပ်နေသလို ဘာလိုလိုနဲ့ အမှန်တော့ ဂိမ်းကစားနေတာပါ ။
မြန်မာပြည်မှာလို ဖုန်းကို အော်ဟစ် ပြောနေတဲ့ သူတွေ သိပ်မတွေ့ရဘူး ။ ဖုန်းလိုင်းကောင်းတော့ အိပ်ခန်းထဲကပြောလဲရတယ် ။
ဘက်စ်ကားစီးရင်း ပြောလဲရတယ် အေးဆေးပဲ ။ 


( နည်းနည်း ဆက်ရေးထားတယ် )

စလုံးဟာ အာရှ ဆယ်နိုင်ငံထဲမှာ လူနေထိုင်မှု ဈေးအကြီးဆုံး မြို့တော် အနေဖြင့် လူသိများ ကြပါတယ် ။ သို့သော် ကျွန်တော်ကတော့ ဈေးကြီးလို့ ဆိုပြီး အစာငတ်ခံမည်တော့ မဟုတ် ။ ဈေးကြီးပါသည် ဆိုသည့် အရာများအားလုံးကို ဝယ်စားပစ်ပါမည်။

ကျွန်တော် တစ်လ ဗီဇာ သက်တမ်း တိုးလို့ မရသည့်အတွက် မလေးနယ်စပ် Johor ဘက်သို့ တစ်ပတ်လောက် သွားနေဖူးပါသည် ။ နယ်စပ်ဆိုပေမယ့် အေးအေးဆေးဆေးပါပဲ ။ စလုံးငွေ တစ်ဒေါ်လာဟာ မလေးရှားငွေ နှစ်ဒေါ်လာ ပျမ်းမျအားဖြင့် ညီပါသည် ။ မလေး နယ်စပ်က သူတွေက စလုံးမှာ မနက် အလုပ်လာလုပ် ညပြန်ကြပါသည် ။ ကား၊ ဆိုင်ကယ်၊ စက်ဘီး တို့ဖြင့် ဝင်လာတတ်ပါသည် ။ စားသောက်ကုန်များ ၊ လူနေတိုက်ခန်းများ ၊ တခြားကုန်ပစ္စည်း စသည်တို့သည်လည်း စလုံးမှာထက် ဈေးက ထက်ဝက်မက သက်သာလှပါသည် ။


http://www.shwerooms.com/

No comments:

Post a Comment