Monday, October 29, 2012

World Peace

အောင်ဆန်းစုကြည် ၊ မင်းကိုနိုင် ၊ ဇာဂနာ တို့ဟာ အင်းစိန်ထောက်ကို ရောက်ဖူးပါလိမ့်မယ် ။

သို့သော် ကမ္ဘာ့ နာမည်ကြီး ထောင်တွေကို မရောက်ခဲ့ပါဘူး ။

၈၈ အရေးအခင်းကြောင့် သေသွားတဲ့သူတွေ အများကြီးရှိခဲ့တယ် ။

တောင်မြောင် ကိုရီးယားစစ်ပွဲ ကြောင့် သေတဲ့သူတွေ အမြောက်အများ ရှိခဲ့တယ် ။

Afghanistan ကို အမေရိကားက ၀င်တိုက်လို့ သေတဲ့သူတွေလည်း များခဲ့တာပဲ ။

တချို့ကို ဖမ်းပြီး ထောင်ချထားတာလဲ ရှိတယ် ။

သေတဲ့ သူတွေ အကြောင်း မပြောတော့ဘူး ... သူတို့က သေသွားကြပြီလေ ။

အဲဒိလို သေသွားတဲ့ ထောင်ထဲရောက်နေတဲ့ သူတွေရဲ့ မိသားစုတွေက ဘယ်လို ခံစားရသလဲ ဆိုတာ စဉ်းစားဖူးလား ။

ထောင်ဆိုတာ Beatings, electric shocks, threatened, sexual abuse, and other forms of abuse အမျိုးမျိုးနဲ့ torture လို့ခေါ်တဲ့ ညှဉ်းပန်း နှိပ်စက်မှု တို့ကို ခံစားရမယ့် နေရာပဲ ။

အဖြေက နှစ်မျိုးထွက်တယ် ။

တချို့က အမုန်းတရားတွေ ကြီးထွားပြီး အားလုံးကို သတ်ပစ်မယ်ဆိုတဲ့ revenge ကို ရွေးတယ် ။

တချို့က စစ်ပွဲတွေ ရပ်ပါတော့ ၊ လူတွေ မသတ်ပါနဲ့တော့ ကြွေးကြော်ပြီး World Peace ကို ရွေးတယ် ။

ကလဲ့စားချေမယ့်အဖွဲ့တွေကတော့ ပြန်ပေးဆွဲမယ် ၊ ဗုံးခွဲမယ် ၊ အဖျက်လုပ်ငန်းတွေ အားလုံး သူတို့ လုပ်မယ် ။

နောက်ဆုံးမှာ သေနတ်သံတွေ ဒိုင်းဒိုင်းဒိုင်း ကြားပြီး ရင်ကွဲပတ်လက်နဲ့ သေမယ် ။

သူ့ကို ချစ်တဲ့လူတွေက သူဟာ Super Hero ဆိုပြီး ဂုဏ်ယူ ချီးကျူးလိမ့်မယ် ။

ဒါပေမယ့် သူကတော့ သေသွားရှာပြီ ။

လူကောင်းလို့ ဆိုတဲ့ အဖွဲ့အစည်းကတော့ သူ့ကို အကြမ်းဖက်သမားလို့ အမည်တက်ပြီး ပုဒ်မ အမျိုးမျိုး အသုံးပြုကာ နာမည်ပျက်စာရင်းထဲ ထည့်မယ် ။

ငြိမ်းချမ်းရေး ရွေးချယ်တဲ့ အဖွဲ့ကတော့ လူတွေရဲ့ လေးစား အသိအမှတ်ပြုမှုကို ခံရမယ် ။


Nobel ဆုဟာလည်း သူတို့အတွက် အဆင်သင့် ရှိတယ် ။

ရလဒ်ကို ကြည့်မယ်ဆိုရင် ဘယ်လမ်းက အကျိုးရှိလဲ ဆိုတာ သိသာပါတယ် ။

လူ့ဂွစာကြီးတွေလို Nobel ဆုပေးပါ့မယ်ဆိုတာ မယူဘူးလို့ ငြင်းနေတယ် ... အဲဒိလိုတော့ မလုပ်ကြနဲ့နော် ။

Nobel ဆုကပေးတဲ့ အခကြေးငွေကို ကိုယ်ကျိုးအတွက် အသုံးမပြုချင်ဘူး ဆိုရင်လည်း သာရေး နာရေး အများကောင်းစားရေးအတွက် အသုံးပြုလို့ ရပါတယ်လေ ။

(2005 စာရင်းအရ ဆိုရင် Nobel Prize ကပေးတဲ့ ငွေဟာ $1,300,000 )

ဒါတွေဟာ human nature ကြောင့် ဖြစ်ပျက်ခဲ့တဲ့ အရာတွေပဲ ။

ကျွန်တော်တို့ဟာ ဘယ်လမ်းကို သွားရင် အကောင်းဆုံး ဖြစ်မလဲဆိုတာ သိကြပါတယ် ။

ဒါပေမယ့် သူတို့တွေရဲ့ ရွေးချယ်မှုကို ကျွန်တော်တို့က ဆုံးဖြတ်ပေးပိုင်ခွင့် မရှိဘူးလေ ။

ပြောချင်တာက ဒီစကားလေး တစ်ခွန်းပဲ ။

နိုင်ငံရေးဟာ ငါ့အရေးပဲ ၊ စီးပွားရေးလဲ ငါ့အရေးပဲ ။

မြန်မာပြည်ဟာ ငါ့မွေးဖွားတဲ့ပြည် ၊ မြန်မာပြည်ကို ငါချစ်တယ် ။





စာဖတ်သူ အားလုံးကို ကျေးဇူးတင်ပါတယ်
writer by : Nitikiti

No comments:

Post a Comment